Potential Alcohol Effects

အရက်သောက်သုံးခြင်းသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ ရွေးချယ်မှုဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦးပေါ်တွင် မတူညီသော သက်ရောက်မှုရှိသည်။ အချို့သော သုတေသနလေ့လာမှုများအရ အရက်သောက်သုံးခြင်း နှင့် ကျန်းမာရေးပြဿနာအချို့ ဖြစ်ပွားနိုင်ခြေ မြင့်မားလာခြင်းတို့အကြား ဆက်နွယ်မှုရှိနိုင်ကြောင်း ဖော်ပြထားသည်။ ပုံမှန်ထက် အရက်အလွန်အကျွံသောက်သုံးခြင်းသည် အသည်းရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ၊ အရက်စွဲခြင်းရောဂါ နှင့် အချို့သော ကင်ဆာအမျိုးအစားများ ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်းအပါအဝင် ရောဂါအမျိုးမျိုးနှင့် ဆက်စပ်နေသည်။ အချိန်တိုအတွင်း အရက်အများအပြားသောက်သုံးခြင်းကို ဆိုလိုသည့် “Binge drinking” သည် အန္တရာယ်ရှိပြီး ပြင်းထန်သော ကျန်းမာရေးထိခိုက်မှုများကို ဖြစ်စေနိုင်သည်။ အချို့သောသူများအတွက်မူ သင့်တင့်စွာ အရက်သောက်သုံးခြင်းသည် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ရင်သားကင်ဆာကဲ့သို့သော ကင်ဆာအမျိုးအစားများ ဖြစ်နိုင်ခြေကို တိုးမြင့်နိုင်ပါသည်။ အရက်သောက်သုံးသည့်နှုန်း အပြင်၊ အခြားကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက်များမှာ သောက်သုံးမှုပမာဏနှင့် အကြိမ်ရေ၊ အသက်အရွယ်၊ ကျား/မ၊ မျိုးရိုးဗီဇနှင့် နေထိုင်မှုပုံစံတို့ ပါဝင်သည်။ ထို့ကြောင့် သင့်ကျန်းမာရေးအခြေအနေအရ သင့်တင့်စွာသောက်သုံးခြင်းသည် သင့်လျော်ခြင်းရှိမရှိကို နားလည်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဘက်ဆိုင်ရာပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

Drinking guidelines

Drinking guidelines

Drinking guidelines image

သင်အရက်သောက်သုံးမှုပုံစံနှင့်ပတ်သက်၍ လမ်းညွှန်မှုပေးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များက အကောင်းဆုံးဖြစ်ပါသည်။ ၎င်းတို့ (ဆေးဘက်ဆိုင်ရာ ပညာရှင်များ) က သင်အရွယ်ရောက်ပြီးဘဝတစ်လျှောက်လုံး သင်အရက်သောက်သုံးမှု ပုံစံသည် သင့်ကျန်းမာရေးအပေါ် မည်သို့သက်ရောက်နိုင်ကြောင်း၊ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ သုတေသနများ၊ သင်၏ကျန်းမာရေးအခြေအနေ၊ သင်နှင့် မိသားစုကျန်းမာရေးမှတ်တမ်းများ၊ သင့်ပတ်ဝန်းကျင် အပါအဝင် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ အကြံဉာဏ်များ ပေးနိုင်ပါသည်။

အောက်ဖော်ပြပါ အချက်အလက်များသည် နိုင်ငံအများစု၏ အစိုးရများမှ ထုတ်ပြန်ထားသည့် အရက်သောက်သုံးခြင်း နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များသို့ ချိတ်ဆက်ထားသည့် လင့်ခ်များ ဖြစ်ပြီး အချက်အလက်အပြည့်အစုံ မဟုတ်ပါ။ HEINEKEN သည် ပြင်ပလင့်ခ်များ၏ အကြောင်းအရာကို အတည်ပြုခြင်း မရှိသကဲ့သို့ တာ၀န်လည်း မယူပါ။ ဤအကျဥ်းချုပ်အချက်အလက်သည် အစိုးရအရင်းအမြစ်များ၏ အချက်အလက်များအားလုံးကို ကိုယ်စားမပြုပါ၊

ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံ၏ အစိုးရအရင်းအမြစ်အချက်အလက်များကို အောက်ပါတွင် မတွေ့ရှိပါက သက်ဆိုင်ရာ နိုင်ငံရှိ အစိုးရအရင်းအမြစ်များသို့ ဝင်ရောက်ကြည့်ရှုရန် အကြံပြုပါသည်။ 

https://www.who.int/health-topics/alcohol

https://www.iard.org/science-resources/type/reports

အယ်ကိုဟောလ်သောက်ခြင်း လမ်းညွှန်ချက်များ အပြည့်အစုံကို ကြည့်ရန် အောက်ပါ ဝက်ဘ်ဆိုက်များသို့ သွားပါ။

နိုင်ငံအမျိုးမျိုး၏ အများပြည်သူအတွက် လမ်းညွှန်ချက်များ အကျဉ်းချုပ်

www.iard.org/science-resources/detail/Drinking-Guidelines-General-Popula...

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် လမ်းညွှန်ချက်များ အကျဉ်းချုပ

www.iard.org/science-resources/detail/Drinking-Guidelines-for-Pregnancy-...

Enjoy responsibly

Enjoy responsibly

When you drive never drink

မောင်းမယ်ဆို မသောက်ပါနှင့်

အရက်/ဘီယာ သောက်ထားပါက မည်သည့်ယာဥ် အမျိုးအစားမှ မမောင်းနှင်ပါနှင့်။
Pregnancy

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။
Legal Drinking Age

တရား၀န်သောက်သုံးနိုင်သော အသက်အရွယ်

သင်သည် နိုင်ငံ၌ ပြဌာန်းထားသော ဥပဒေကို လိုက်နာပြီး တာ၀န်ယူမှုရှိစွာ သောက်သုံးရန် သင့်နိုင်ငံ၏ တရား၀င် သတ်မှတ်ထားသော အရက်သောက်သုံးနိုင်သည့် အသက် နှင့် ယမကာ ဆိုင်ရာ စည်းမျဥ်းများကို အမြဲလိုက်နာပါ။
Low. Slow. No.

အရက်ပါ၀င်မှုနည်းတဲ့ ထုတ်ကုန်ကိုသောက်ခြင်း။ ဖြည်းဖြည်း နဲ့ မှန်မှန်သောက်ခြင်း ။ မသောက်ခြင်း။

အတူတကွ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံစားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သင့်တင့်စွာသောက်သုံးခြင်းဖြစ်ပြီး “အရက်ပါ၀င်မှုနည်းတဲ့ ထုတ်ကုန်ကိုသောက်ခြင်း။ ဖြည်းဖြည်း သောက်ခြင်း ။ မသောက်ခြင်း။” ဆိုသည့် အချက်များကိုထည့်သွင်း စဥ်းစားပါ။

အရက်အလွန်အကျွံ သောက်သုံးခြင်း (ဥပမာ - အချိန်တိုအတွင်း အလွန်အကျွံသောက်သုံးခြင်း) သည် အထူးသဖြင့် အန္တရာယ်ရှိပြီး ကျန်းမာရေးထိခိုက်မှုများကို ဖြစ်စေနိုင်ပါသည်။ ဤဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များကို HEINEKEN မှ စုဆောင်းထားခြင်းဖြစ်ပြီး ဗဟုသုတ အချက်အလက်အတွက်သာ အသုံးပြုရန်ဖြစ်သည့်အတွက် မည်သည့်ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် မှီငြမ်းအားထားခြင်း မပြုသင့်ပါ။ အဆိုပါအချက်အလက်များသည် ပြည့်စုံကြောင်း ကျွန်ုပ်တို့ အတည်မပြုနိုင်ပါ။ နောက်ထပ်အချက်အလက်များအတွက် နှင့်/သို့မဟုတ် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျန်းမာရေးအခြေအနေများကို ဆွေးနွေးရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဘက်ဆိုင်ရာပညာရှင်နှင့် တိုင်ပင်ပါ။

သင့်ရဲ့ ဗဟုသုတကို ဆန်းစစ်ကြည့်ရအောင်

Correct Answer:

နေ့စဥ် ဘီယာတစ်ခွက်/တစ်ဘူး သောက်ခြင်းက တာ၀န်ယူမှုရှိစွာသောက်သုံးခြင်းဖြစ်သည်ဟု သတ်မှတ်ထားရင်၊ ရုံးဖွင့်ရက်တွေမှာ မသောက်ထားပဲ ပိတ်ရက်တွေမှာ ခုနှစ်ခွက်သောက်လို့ရပါတယ်။

တစ်ပတ်မှာ တစ်ရက်သာ သောက်သော်လည်း၊ သင့်နိုင်ငံရဲ့ အရက်သောက်သုံးမှု လမ်းညွှန်ချက်များထက် ပိုမိုသောက်သုံးပါက အလွန်အကျွံ သောက်သုံးခြင်းဟု သတ်မှတ်နိုင်ပါသည်။ သင့်နိုင်ငံ၏ လမ်းညွှန်ချက်များကို သိရှိလိုပါက ဤကဏ္ဍသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ [နိုင်ငံအလိုက် လမ်းညွှန်ချက်များကို အောက်ပါ လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်]

ကျွန်တော်က အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းဖြစ်တဲ့အတွက် ကားမမောင်းမီ နှစ်ခွက်လောက် သောက်ခြင်းသည် ပြဿနာမရှိပါ။

အရက်ဘီယာ အနည်းငယ်သောက်သုံးထားခြင်းသည်လည်း သင် ကားမောင်းနေစဉ်လိုအပ်သည့် တွေးခေါ်မှုကို ဝေဝါးစေနိုင်ပြီး၊ အမြင်အာရုံကို မှုန်ဝါးစေကာ၊ တုံ့ပြန်မှုနှုန်းကို နှေးကွေးသွားစေနိုင်ပါသည်။ သင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဟန့်တားခြင်း၊ သင့်အသက်နှင့် လမ်းအသုံးပြုသူများကို သေဆုံးခြင်း (သို့) ဘဝကို ပြောင်းလဲစေနိုင်သည့် ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်ပါသည်။ မတော်တဆမှုများမဖြစ်စေရန်အတွက် သတ်မှတ်ထားသော အရက်မသောက်ထားသည့် ယာဉ်မောင်း (သို့) အိမ်ခရီးအတွက်ကြိုတင် ပြင်ဆင်မှုတစ်ခု ပြုလုပ်ထားခြင်းသည် အမြဲတမ်း ကောင်းမွန်သောအလေ့အကျင့်ဖြစ်ပါသည်။ မောင်းမယ်ဆို မသောက်ပါနှင့်!

အယ်လ်ကိုဟောသည် လူတစ်ဦးနဲ့ တစ်ဦး အပေါ် သက်ရောက်မှု မတူညီနိုင်ပါ။

လူတစ်ဦး၏ အရက်ဘီယာ သောက်သုံးမှုအပေါ် တုံ့ပြန်မှုကို သက်ရောက်စေနိုင်သော အကြောင်းရင်း အများကြီး ရှိနိုင်ပါသည်။ ဥပမာအားဖြင့်၊ ခန္ဓာကိုယ်အလေးချိန်၊ ဇီဝကမ္မဖြစ်စဉ်၊ ခံနိုင်ရည်အဆင့်၊ ကျား/မ၊ အသက်၊ (သို့) ခန္ဓာကိုယ် ဓာတုဖွဲ့စည်းပုံ စသည်တို့ ဖြစ်ပါသည်။ ဒါ့အပြင် အရက်ဘီယာသောက်သုံးခြင်းက လူတစ်ဦးချင်းစီအပေါ် သက်ရောက်ပုံကို လွှမ်းမိုးတဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်း အမျိုးမျိုးလည်း ရှိနိုင်ပါသည်။ သင့်ရဲ့ ဘေးကင်းစွာသောက်သုံးနိုင်သည့်ပမာဏကို သိရှိထားဖို့လိုအပ်ပြီး သင်၏ သောက်သုံးမှုကို အမြဲတမ်း သတိထားဖို့ အရေးကြီးပါသည်။ ထို့ကြောင့် သင့်ကျန်းမာရေးအခြေအနေနှင့် သင့်တင့်စွာသောက်သုံးခြင်းသည် ကိုက်ညီမှုရှိမရှိကို နားလည်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဘက်ဆိုင်ရာပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

ဘီယာ၊ ဝိုင်နှင့် အရက်များကို အလှည့်ကျ ပြောင်းသောက်ခြင်းသည် အမျိုးအစားတစ်မျိုးတည်းကိုသာ သောက်သုံးခြင်းထက် သင့်အပေါ် ပိုမို သက်ရောက်မှု ရှိပါသည်။

သင့်ခန္ဓာကိုယ်အပေါ် အရက် မည်သို့ သက်ရောက်တယ်ဆိုတာကို ဆုံးဖြတ်တဲ့ အဓိကအချက်များမှာ ယမာကာအမျိုးအစားထက် သင်၏ သွေးထဲရှိ အယ်လ်ကိုဟောပါဝင်မှုနှုန်း (BAC)၊ အရက်ဘီယာ သောက်သုံးမှုနှုန်း နှင့် ပမာဏတို့ပဲ ဖြစ်ပါတယ်။ အရက်ပါဝင်မှုနှုန်း (ABV) မြင့်မားတဲ့ ယမကာများကို ကော့တေး (cocktails) သို့မဟုတ် ဖျော်ရည်နဲ့ တွဲစပ် ဖျော်သည့်အခါ မိမိသောက်သုံးမည့် ပမာဏကို မှန်ကန်စွာတိုင်းတာခြင်း မရှိပါက ပမဏအလွန်အကျွံ သောက်သုံးမိနိုင်သောကြောင့် သောက်သုံးမည့် ပမာဏကို အထူးဂရုပြုရန် လိုအပ်ပါသည်။

မည်သည့်အရက်ဘီယာ အမျိုးအစားမဆို သောက်သုံးနေချိန်အတွင်း၊ သောက်သုံးမှုအရှိုန်နှုန်းထား နှင့် ပမာဏကိုထိန်းချုပ်ရန် အရေးကြီးပါသည်။

ရေများများသောက်ခြင်းသည် အရက်၏ အာနိသင်များ သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို လျော့ပါးသက်သာစေနိုင်ပါသည်။

အရက်ဘီယာသောက်သုံးခြင်းသည် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ရေငတ်ခြင်း၊ အလင်းနှင့် ဆူညံသံမခံနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်း နှင့် ခန္ဓာကိုယ်မှ အရက်ကို ချေဖျက်ခြင်း၏ သက်ရောက်မှုများသည် ဖော်ပြပါဆိုးကျိုးတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ခန္တာကိုယ်အတွင်းတွင် အရက်ကို စုပ်ယူပြီး ဖယ်ရှားသည့် လုပ်ငန်းစဉ်သည် အချိန်တစ်ခု လိုအပ်ပြီး လူတစ်ဦးနှင့်တစ်ဦးတွင် ကွဲပြားကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ဒါကြောင့် အရက်သောက်သုံးမယ်ဆိုလျှင် သင့်တင့်မျှတစွာ သောက်သုံးပါ၊ သောက်သုံးသည့်အရှိုန်ကို ထိန်းပါ၊ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေပါ၊ ကောင်းကောင်းစားပါ၊ ပြီးလျှင် သင့်ခန္ဓာကိုယ်ကို အနားယူနိုင်ရန် အချိန်လုံလောက်စွာ ပေးပါ။

အိပ်စက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ရေအေးဖြင့် ရေချိုးခြင်း (သို့မဟုတ်) လေကောင်းလေသန့်ရှူခြင်းတို့သည် သွေးတွင်းအရက်ပါ၀င်မှု ကို ဖယ်ရှားပေးနိုင်ပြီး သင့်အား အမူးပြေစေရန် ကူညီပေးပါသည်။

အရက်ကို သင်၏ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် (metabolizes) အတိုင်း ချေဖျက်သည့်အတွက် မည်သည့်အရာမှ ခန္ဓာကိုယ်တွင်းရှိ သွေးတွင်းအရက်ပါ၀င်မှုကို လျော့ချပေးနိုင်ခြင်းမရှိသည့် အပြင် ဤဖြစ်စဥ်သည် လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါ။ ထို့ကြောင့် ရေဓာတ်ပြည့်၀နေစေရန် အရက်သောက်သုံးနေစဥ်အတွင်း ရေများများသောက်သုံးပေးရန် လိုအပ်ပါသည်။

The information provided on this website has been collated by HEINEKEN and is for informational purposes only and should not be relied upon for any medical purposes. We make no representation that the information is complete. Please consult your health care provider or medical professional for additional information and/or to discuss your personal health circumstances.